ရောင်စဉ်ငြိမ်း
ဟောဒီ...........ကျယ်ပြောတဲ့
ကောင်းကင်တစ်ပြင်လုံးမှာ
ကြယ်စင်များရဲ့ အလင်းတွေရွှန်းလက်
တစ်ညလုံး ပြိုးပြက်တောက်ပလို့ .....။

မှောင်လေလေ
မှောင်သထက်မှောင်လေလေ
ကြယ်တွေရဲ့ ပင်ကိုအလင်းဟာ
ခင်းကျင်းပြသ
ဝင်းပခွင့်ရကြတယ်......။

မကြွေပါနဲ့ လို့ 
ဘယ့်နှယ်..တားလို့ မရတုန်း
ဒါကနိယာမတရား
ကြွေသွားတာမဆန်းကြယ်ပါဘူး...။

ပိုပြီးဆန်းကြယ်တာက
ကြွေသမျှကြယ်တွေအားလုံးဟာ
သူ့ မှာရှိတဲ့အလင်းစွမ်းအင်နဲ့ 
ကောင်းကင်မှာ...ဝင်းပခဲ့ကြ
ကောင်းကင်မှာ...ရွှန်းပခဲ့ကြ
မကြွေကြသေးတဲ့
ကြယ်တွေအားလုံးကတော့
လွမ်းမဆုံးအောင်ဖြစ်နေဆဲ................။

# Posted by JK on December 15, 2009 at 12:29am
0 Responses

Post a Comment