ရောင်စဉ်ငြိမ်း
ဘဝဆိုတာ
ပြဇာတ်ရှည်ကြီးတစ်ပုဒ်ပါပဲ။
ကန့် လန့် ကာဖွင့်ပြီးတာတောင်မှ
ကိုယ့်ဇာတ်ရုပ်ကိုယ်မသိရတဲ့အဖြစ်မျိုး။


လူကြမ်းတွေကများများ
ယိမ်းသမတွေကများများ
မရယ်ရတဲ့လူပြက်တွေကများများ
နှစ်ပါးသွားချိန်မှာငိုချင်းချလိုချ
ဒီလိုနဲ့ ပဲမိုးလင်းခဲ့ရပေါင်းများပြီ။

Tags: poem

# Posted by JK on December 15, 2009 at 12:41am
0 Responses

Post a Comment