ရောင်စဉ်ငြိမ်း
လောဘကြီးလို့ မဟုတ်
လူသားရဲ့ လုံးလ
သေခါမှ လျှော့လိုတဲ့
ဦးမော့နေတဲ့ ဇွဲသတ္တိကြောင့်ပါ။

တကယ်မဖြစ်တော့လဲ
ရယ်ပစ်နိုင်ပါတယ်။

တကယ် မရတော့လဲ
တဲအိုပျက်မှာ နေရ နေရ။

စိတ်ဓာတ်မကျ အလံမလှဲစတမ်း
ရောင်ရဲ့ တင်းတိမ်
ဘ၀မှာ ခံတွင်း မြိန်တက်ပါတယ်။

လူသားတို့ ရွာကို
လက်ချည်းလာခဲ့တဲ့ ငါဟာ
ဘာကိုများ မက်မောလို့
လက်ပံတောကို တမ်းတနေရဦးမှာလဲ။

နေလဲပျော်ပျော် ၊ သေလဲပျော်ပျော်
ငါ့အဖော်တွေ တပုံကြီးပါကွယ် ။ ။

တင်မိုး
၃၀၊ဇန္တွဝါရီ၊၁၉၉၉
စနေနေ့ နံနက်ခင်း
ရောင်စဉ်ငြိမ်း
ဘ၀ကို သံပတ်ပေးနေတဲ့
အရေးတော်ပုံစိတ်နဲ့ ငါ။

ဘယ်နေရာမှာ ချောက်ကမ်းပါးဆိုလဲ
ကျောက်အားပိုစရာ ငါ့မှာမရှိ။

ဘယ်သောင်ကွေ့မှာ
မိကျောင်းတွေ တွေ့တယ်ဆိုလဲ
မမေ့မလျော့ အပ္ပမာဒစိတ်နဲ့
ရိပ်ခနဲဆို သတိမောင်းတင်ပြီး
အောင်မြင်အောင် ရင်ဆိုင်မယ်။

အစာတဖတ်ရှာ ရန်သူတဖက်ကြည့်တဲ့
ကျီးကန်းရဲ့ သတိမျိုးနဲ့
မုဆိုးရဲ့ လေးအ၀င့်ကိုလဲ
နားစွင့်လို့ နေဦးမယ် ။

တင်မိုး
၃၀၊ဇန၀ါရီ၊၁၉၉၉
စနေနေ့ နံနက်ခင်း
ရောင်စဉ်ငြိမ်း
ကာလနဂါး

အရေးတကြီး နိုးထစရာမလိုဘူးဆိုရင်
ငါ ဆက်ပြီး အိပ်နေချင်လို့ပါ ..။

“ဘဝ..” ဆိုတာနဲ့ ဘာလို့ “ရှင်သန်ခြင်း..”လို့
အဓိပ္ပါယ်ဖွင့်ဆိုရတာလဲ
ငါကတော့ အိပ်နေရတာကိုပဲ .. ကြိုက်တယ်၊
ရုပ်ရှင်ထဲက ဇာတ်လိုက်လောက်တော့
ငါလည်း တောက်လျှောက်ကြီး မကောင်းနိုင်ဘူးပေါ့..
သံပတ် ခပ်လျော့လျော့နဲ့ပဲ နေတတ်တယ်။

လေ့ကျင့်ခန်း မှန်မှန်လုပ်မှ
ပထမ ရမယ်ဆိုရင်
ငါ ရှင်ဘုရင်တောင် မဖြစ်ချင်ဘူး ၊
ကျေးဇူးပြုပြီး .. ငါ့ကို
“စောက်ရူး..” လို့ ခေါ်ပါ ။

မမြင်ချင်တာတွေ အားလုံးအတွက်
မျက်စိသေးသေးလေးနှစ်လုံးကို ပိတ်ထားလိုက်ရုံပါပဲ
ဟော .. ငါ ဘယ်လောက်လိမ္မာတဲ့ ကောင်လဲကွယ် .. ၊
ဟောဒီ .. စောက်ရူးမှာ
ယဉ်ကျေးမှု ထွန်းကားပါတယ် ။

ငါ့ဆီ ဂုဏ်ပြုဖိတ်စာ ပို့ဖို့မလို
ငါ့လိပ်စာကို ငါမသိ
ငါ့ အုတ်ဂူကိုလည်း မင်းတို့
အလေးပြုဖို့ အကြောင်းမရှိပေဘူး ။

အို ... မိတ်ဆွေတို့
နိုင်ငံကြီးသားအပေါင်းတို့ ..
သွေးနဲ့ကိုယ် သားနဲ့ကိုယ်
မှားယွင်းကြ၊
ပက်လက်မျောဖို့အတွက်
တံတွေးခွက်ကြီးကြီးလိုက်ရှာကြ၊
ငါကတော့
စောင်ထူထူကို ခေါင်းမြီးခြုံ
ကိုယ့် ကိုယ်ကျင့် .. ကိုယ်
စိတ်လုံလုံနဲ့ အိပ်တယ်။

နိုင်ငံကျော်တွေအားလုံးကို .. သနားတယ်၊
မင်းတို့ ငါ့လောက်
ဘယ်သူမှ အိပ်ရေးမ၀ခဲ့ကြပါဘူး ။

မင်းခိုက်စိုးစန်

ကျေးဇူးတင်ပါတယ် ရှင် ကဗျာလေးတွေပို့ ပေးလို့(အာကာ)
ရောင်စဉ်ငြိမ်း
မသိ၍ဆို၊
မလို၍ပြော။
သူ့စိတ်မှာ အလွန်ယဉ်လို့၊
သူ့ဥာဏ်မှာ အလွန်သန့်တယ်၊
ထူးချွန့်သဘော။ ။

မသိ၍ထင်၊
မမြင်၍ပြော။

သူ့ဝိဥာဏ် မသေပျောက်ပါဘူး၊
မိုးပေါက်လို အစဉ်ကြည်လို့၊
နေခြည်လို အစဉ်လန်းကာ၊
ဖျန်းဆွတ်စိတ်စော။ ။



မင်းသုဝဏ်
# Posted by မျီုးချစ်အောင်ဆန်း on ဒီဖင်ဘာ 17, 2009 at 11:27am
ရောင်စဉ်ငြိမ်း
အနမ်းဆိုတာ ချစ်သူနှစ်ယောက်အမှတ်တရ အတူရှိနေခဲ့တဲ့အချိန်လေးတွေကို
ဘယ်တော့မှမမေ့တော့အောင် မော်ကွန်းထိုးပေးတဲ့ သင်္ကေတလေးတစ်ခုဖြစ်ပါတယ်။
အနောက်တိုင်း သုတေသီတွေက စိတ်ဖိစီးတဲ့ဒဏ်ကို အကြီးအကျယ်ခံစားနေရတဲ့
ဝေဒနာရှင်တွေတောင် ချစ်သူရဲ့အနမ်းကြောင့် အားအင်သစ်တွေ တိုးပွားလန်းဆန်း
လာတယ်လို့ ထောက်ခံထားကြတာပါ

ဒီတော့ ပူလောင်တဲ့၊ ရမ္မက်ဆန်တဲ့အနမ်းတွေကို ခဏလောက်မေ့ထားပြီး
ယစ်မူးကြည်မွေ့စရာ ရင်ခုန်သံလေးတွေကို ပိုင်ဆိုင်စေမယ့် အနမ်းလေးတွေကို
ခုလိုမျိုးအမျိုးအစားခွဲကြည့်ကြရအောင်။

၁။ နတ်သမီးအနမ်း

ချိုမြိန်ပြီး သက်သောင့်သက်သာရှိစေတဲ့ အနမ်းလို့ အချစ်ကျမ်းဆရာတွေက
အဓိပ္ပာယ်ဖွင့်ကြပါတယ်။ ဒီအနမ်းဟာ ကိုယ့်ချစ်သူရဲ့မျက်လုံးအထက်နားကို
ခပ်ဖွဖွလေးနမ်းတာကို ဆိုလိုပါသတဲ့။ တချို့ကလည်း
ရှက်စနိုးမှေးမှိတ်ထားတဲ့ချစ်သူရဲ့ မျက်ဝန်းလေးတွေကို ယုယုယယနမ်းတာကို
ခေါ်တာပါလို့ပြောကြပြန်တယ်။

၂။ ပါးပြင်အနမ်း

နေရာတကာမှာတွေ့နိုင်တဲ့ အနမ်းတစ်ခုပါ။မိဘတွေကလည်း သားသမီးလေးတွေကို
နမ်းကြတာတွေ့ဖူးကြမှာပေါ့။ အဓိပ္ပာယ်ကတော့
နူးနူးညံ့ညံ့ချစ်မြတ်နိုးတယ်လို့ ကိုယ်အမူအယာနဲ့ဖော်ပြတဲ့သဘောမျိုးပါပဲ။
ချစ်သူချင်းဆိုရင်တော့ 'မင်းကို တကယ်ချစ်တာပါ'လို့ ပါးစပ်ကမပြောဘဲ
အနမ်းနဲ့အသိပေးလိုက်တာဆိုရင်လည်း မမှားပါဘူး။ ဒီအနမ်းကို
ပထမဆုံးချိန်းတွေ့တဲ့စုံတွဲလေးတွေ လက်တွေ့ကျင့်သုံးတတ်ကြတယ်လို့ဆိုပါတယ်။

၃။ လိပ်ပြာအနမ်း

မျက်နှာနှစ်ခု နီးနီးကပ်ကပ်ရှိနေပါပြီ။ နောက်တော့ ကောင်လေးရော၊
ကောင်မလေးပါ မျက်လုံးလေးတွေမှိတ်သွားကြပြီး ချစ်သူနှစ်ယောက်ရဲ့
အရိပ်တွေဟာ ပိုနီးသွားကြတယ်။ ဒီအနမ်းကို ဘာဖြစ်လို့လိပ်ပြာအနမ်းလို့
ခေါ်သလဲဆိုတာ တိတိကျကျရှင်းပြမထားပေမယ့် ဒီအနမ်းကြောင့်
စိတ်ထဲမှာပေါ့ပါးကြည်နူးပြီး လေထဲမြောက်နေသလို ခံစားရမယ်ဆိုရင်
ဒီနာမည်လေးနဲ့ လိုက်ဖက်တဲ့အကြောင်း ထောက်ခံလိုက်ကြပါစို့။

၎။ အက်စကီးမိုးအနမ်း

ဒါကတော့ ရေခဲနေတဲ့ဒေသတွေမှာ နေလေ့ရှိတဲ့ အက်စကီးမိုးလူမျိုးစုရဲ့
ရိုးရာနှုတ်ဆက်နည်းတစ်ခုကို အခြေခံထားတဲ့အနမ်းလေးပါ။
မျက်နှာချင်းဆိုင်ပြီး နှာခေါင်းလေးတွေထိရုံပဲထိတဲ့ အနမ်းမျိုးပါပဲ။
အက်စကီးမိုးတွေအတွက်တော့ အဲဒီလိုလုပ်ရင် လူ့ခန္ဓာကိုယ်က အနွေးငွေ့ကြောင့်
အချမ်းပြေချင်ပြေမှာပေါ့။ ချစ်သူနှစ်ယောက်အတွက်တော့ ရယ်ရွှင်မြူးတူးရတဲ့
ကြည်နူးမှုကို ဖြစ်စေမှာပါ။

၅။ နားရွက်အနမ်း

ချစ်သူရဲ့နားရွက်ကို တိတ်တိတ်လေးခိုးနမ်းရတဲ့အရသာကိုကြုံဖူးကြပါသလား။
တစ်ခုခု တိုးတိုးလေးပြောမယ်လို့ဟန်ဆောင်ပြီး သိချင်စိတ်စောနေတဲ့ချစ်သူကို
ရွရွလေးနမ်းတဲ့အနမ်းပါ။ သေချာတာကတော့ ချစ်သူဆီက မျက်စောင်းလေးတစ်ချက်
လက်ဆောင်ရမယ်ဆိုတာပါပဲ။

၆။ လည်ပင်းအနမ်း

ထိခိုက်ခံစားလွယ်ပြီး နူးညံ့ကျေနပ်စရာအနမ်းတစ်ခုလို့ဆိုပါတယ်။ ဒီအနမ်းကို
အနောက်တိုင်းက အထက်တန်းစားလူယဉ်ကျေးတွေ ကျင့်သုံးတတ်ကြပါတယ်။
ချစ်သူရဲ့ကိုယ်လုံးလေးကို ထွေးပွေ့ပြီး နမ်းတဲ့ အနမ်းဟာ
တစ်သက်လုံးမခွဲတမ်းတူနေသွားမယ်ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ဖော်ဆောင်ပါသတဲ့။

၇။ လက်ရုံးအနမ်း

မိန်းကလေးတွေက ကိုယ့်ချစ်သူကို နမ်းတဲ့အနမ်းမျိုးပါ။ အားကိုးတာ၊
ယုံကြည်လေးစားတာကို အဓိပ္ပာယ်သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ ရှေးခေတ်က
ခရူးဆိတ်စစ်သည်တော်တွေ စစ်ထွက်ခါနီးရင် ချစ်သူတွေ၊ ဇနီးမယားတွေက
သူတို့ရဲ့ညာဘက်လက်မောင်းကို နမ်းရှုံ့ပြီး နှုတ်ဆက်ကြပါတယ်။ ဒါဟာ
မျှော်လင့်ခြင်းနဲ့ ကံကောင်းစေခြင်းကို ဖော်ဆောင်ပြီး
ချစ်သူရဲ့လွှမ်းမိုးနိုင်မှုနဲ့ ရဲစွမ်းသတ္တိကို လေးစားကြည်ညိုတဲ့နိမိတ်ကို
ဖော်ကြူးတဲ့သဘောမျိုးပါတဲ့။

ကဲသယ်ဂျင်းတို့ရေ ချစ်သူခင်သူများစွာမရှိရင်တောင့် ကိုယ်ချစ်တဲ့
ကိုယ့်ကိုချစ်တဲ့သူလေးနဲ့အတူ အနမ်းကလေးတွေ
ကြည်နူးစွာဝေဖြာနိုင်ပါစေကြောင်း ဆန္ဒပြုပါရစေ။
(မြှောက်ပေးတာမဟုတ်ဖူးနော်...ဟိ ဟိ..တော်ကြာအသံတွေကြားရမှာဆိုးလို့..)
မှတ်ချက်။ ။ မူပိုင်မဟုတ်ပါ ၊ ကြိုက်လွန်းလို. မျှဝေပေးလိုက်တာပါ ။

# Posted by zero on ဒီဖင်ဘာ 17, 2009 at 1:00pm
ရောင်စဉ်ငြိမ်း
မင်းအချစ်သစ်နဲ့ထွက်သွားလိုက်ပါ
ငါ့ကိုလှည့်မကြည့်ပဲထားခဲ့လိုက်ပါ
မသိလိုက်တဲ့ဇတ်သိမ်းခန်းမှာ
ဝေဒနာတွေဆတတ်တပိုးတိုးလို့သာ
ဒီမိုးသားအောက်မှာ
ငါတစ်ယောက်တည်းလွမ်းဆွတ်နေမှာပါ
အခုတော့နားလည်မိတာ
ငါ့အတွက်အချစ်ဆိုတာ
ခါးသပ်သပ်အဆိပ်သီးသာ .......... ။။။။။။။။။။ ..........

osted by chanmonmonthinzan on December 16, 2009 at 1:42pm
ရောင်စဉ်ငြိမ်း
တစ်နေ့ .......
ကျွန်တော့်ကိုယ်ကျွန်တော် ကျပျောက်သွားမယ်ဆိုတာ
မွေးစာရင်းနဲ့ နောက်ကျောဘက်စာမျက်နှာမှာ
သေခြင်းတရားရဲ့ ညွှန်ကြားချက်ကို ဖတ်ရှု ပြီးသားပါ။

ဒါပေမယ့်......
ပုံမှန်အသက်ရှူသံနဲ့ နေခွင့်ရတုန်းမှာ
အိမ်တံစက်မြိတ်ကကျလာတဲ့ရေစက်တွေကို
နာရီးတစ်လုံးနဲ့ ပေးဝယ်ပြီးခံထားခဲ့တယ်။

မျှော်လင့်ခြင်းတွေထိထိမိမိဆွတ်ခူးဖို့ ဆိုတာ
ကိုယ်တိုင်တပ်ဆင်ထားတဲ့ ငါးမျှားချိတ်တစ်ချောင်းနဲ့ 
ဆွဲငင်အားကောင်းတဲ့ ငါးစာတွေရှိဖို့ လိုတယ်။

ယုံကြည်ချက်တွေအခိုင်အမာစိုက်ပျိုးနိုင်ဖို့ 
ကိုယ်ကိုယ်တိုင်ထွန်ယက်တူးဆွ
လုံ့ လတွေအုတ်မြစ်ချဖို့ လိုတယ်။

တိုးတက်မှုတွေ တစိမ့်စိမ့်စီးဆင်းနေဖို့ 
မာနကြိုးမျှင်တွေနဲ့ တင်းတင်းနှောင်တုပ်
မောင်းခလုတ်တွေအဆင်သင့်တိုက်ချွတ်ထားတယ်။

တကယ်တော့ကျွန်တော်ဟာ
ကျယ်ပြန့် တဲ့ဘဝရဲ့ ထုထည်ကိုဖောက်ခွဲဖို့ 
အသည်းနှလုံးကိုယမ်းပုံပေါ်မှာတင်ပြီး
အချိန်တွေနဲ့ စာချုပ်ချုပ်ခဲ့ရတာပါပဲ.......။

# Posted by JK on December 15, 2009 at 12:25am
ရောင်စဉ်ငြိမ်း
ဟောဒီ...........ကျယ်ပြောတဲ့
ကောင်းကင်တစ်ပြင်လုံးမှာ
ကြယ်စင်များရဲ့ အလင်းတွေရွှန်းလက်
တစ်ညလုံး ပြိုးပြက်တောက်ပလို့ .....။

မှောင်လေလေ
မှောင်သထက်မှောင်လေလေ
ကြယ်တွေရဲ့ ပင်ကိုအလင်းဟာ
ခင်းကျင်းပြသ
ဝင်းပခွင့်ရကြတယ်......။

မကြွေပါနဲ့ လို့ 
ဘယ့်နှယ်..တားလို့ မရတုန်း
ဒါကနိယာမတရား
ကြွေသွားတာမဆန်းကြယ်ပါဘူး...။

ပိုပြီးဆန်းကြယ်တာက
ကြွေသမျှကြယ်တွေအားလုံးဟာ
သူ့ မှာရှိတဲ့အလင်းစွမ်းအင်နဲ့ 
ကောင်းကင်မှာ...ဝင်းပခဲ့ကြ
ကောင်းကင်မှာ...ရွှန်းပခဲ့ကြ
မကြွေကြသေးတဲ့
ကြယ်တွေအားလုံးကတော့
လွမ်းမဆုံးအောင်ဖြစ်နေဆဲ................။

# Posted by JK on December 15, 2009 at 12:29am
ရောင်စဉ်ငြိမ်း
အနာဂတ်ဟာ
စိတ်ကူးယဉ် ဆွဲလို့ ရတဲံ့
ပန်းချီကားလား....
မစဉ်းစားဘူး
ဆက်ဆွဲနေမယ်
ငါက.....
မျှော်လင့်ရသူကိုး

# Posted by JK on December 15, 2009 at 12:32am
ရောင်စဉ်ငြိမ်း
နာရီတစ်လုံးလို
အစဉ်လည်ပတ်ခဲ့ရ
ခေါင်းတွေလည်းမူးနောက်လှပေါ့
ဘဝကို
အော်ဂလီဆန်ငြီးငွေ့ 
ထွေးအန်ပစ်ဖို့ ကျ
ခွန်အားမဲ့နေပြန်
"နာကျင်စွာ" ရယ်မောနေခဲ့ရတာ
ဖတ်ဖတ်ကိုမောလို့ 
ဒီလိုနဲ့ ပဲ
စာမျက်နှာတွေတော်တော်များခဲ့ပြီ။

Posted by JK on December 15, 2009 at 12:36a
ရောင်စဉ်ငြိမ်း
ဘဝဆိုတာ
ပြဇာတ်ရှည်ကြီးတစ်ပုဒ်ပါပဲ။
ကန့် လန့် ကာဖွင့်ပြီးတာတောင်မှ
ကိုယ့်ဇာတ်ရုပ်ကိုယ်မသိရတဲ့အဖြစ်မျိုး။


လူကြမ်းတွေကများများ
ယိမ်းသမတွေကများများ
မရယ်ရတဲ့လူပြက်တွေကများများ
နှစ်ပါးသွားချိန်မှာငိုချင်းချလိုချ
ဒီလိုနဲ့ ပဲမိုးလင်းခဲ့ရပေါင်းများပြီ။

Tags: poem

# Posted by JK on December 15, 2009 at 12:41am
ရောင်စဉ်ငြိမ်း
စွဲလမ်းအောင် နှိပ်စက်
အိပ်ရေးပျက်အောင်
အိမ်မက်တွေထဲ
အမြဲမလာပါနဲ့တော့
ချစ်သူရယ်.............

စားစားသွားသွား
မနားရအောင်
နှလုံးသားရင်ထဲ
အမြဲရှိမနေပါနဲ့တော့
ချစ်သူရယ်...........

ဘာကြောင့်များ
ရင်ထဲစွဲနစ်
သူ့ကို
သိပ်ချစ်နေတာလဲ
စိတ်ညစ်စွာဆွေး
တွေးလို့လည်း မရဘူးကွာ။

ဘာပဲဖြစ်ဖြစ်
မေ့ပစ်တော့မယ်
စိတ်ဝယ်ခံစား
ဝေဒနာများ ပြုန်းအောင်
နောက်ဆုံးတစ်ခု
ခွင့်ပြုပါလေ
မေ့ပါရစေ
ချစ်သူရေ...........

# Posted by မ on ဒီဖင်ဘာ 12, 2009 at 5:30am
ရောင်စဉ်ငြိမ်း
ညကမှောင်မှောင်
ခွေးကဟောင်......................
ဖိနပ်ကပြတ်
နှပ်ကထွက်..........................
ချစ်သူကမုန်း
ဖဲကရှုံး.....................
မိုးတွေကရွာ
ထီးကမပါ.......................
စိုးလိုက်တဲ့ကံကြမ္မာ
နင့်ကိုလွမ်းလိုက်တာဟာ...........:)

# Posted by Nyeinzawlin on ဒီဖင်ဘာ 12, 2009 at 4:19pm
ရောင်စဉ်ငြိမ်း
သတိရခြင်းဆိုတဲ့ စကားလုံးတွေကို
နှုတ်ဆိတ်ဖို့ ကြိုးစားမိရင်း
တိတ်တဆိတ် တမ်းတခြင်းတွေနဲ့
မသိစိတ်တွေကို နှိုးဆွ ...
နိုးထခဲ့ရတဲ့ ငါ့မနက်ခင်းတွေအောက်မှာ
ဒီဇင်ဘာ မိုးစက်တွေနဲ့အတူ
လွမ်းခဲ့မိသူတစ်ယောက်ဆီ ရည်ရွယ်မှန်းဆ
တောင်ပေါ်ဒေသတစ်ခုမှာ
နှင်းတွေတဖွဲဖွဲ ကျနေခဲ့သလို
ငါ့အလွမ်းတွေလဲ ....
တသည်းသည်းငိုနေခဲ့ပါတယ် “... ရယ်...။

ဒီဇင်ဘာရောက်တိုင်း
ငါပိုင်ဆိုင်နေကျ မွေးနေ့ဆုတောင်းတစ်ကဒ်နဲ့
ငါသိပ်ချစ်တဲ့ နှင်းစက်လေးတွေ အားလုံး
အတိတ်ရာဇ၀င်မှာ..ကျန်ရစ်ခဲ့သလို...
ငါ့မျက်ဝန်း နက်နက်တွေလဲ
ဒီဇင်ဘာ မိုးစက်တွေရဲ့အောက်မှာ .....
တလက်လက်စိုနေခဲ့ပါတယ် “... ရယ်...။

ဒီဇင်ဘာဆောင်းအရိပ်တွေလို
တို့နှစ်ယောက်ရဲ့ အတိတ်ရာဇ၀င်တွေ
ပြိုကျ ပျက်စီးခဲ့ပေမယ့်
သိပ်သည်းဆ ဖြူလွလွနှင်းတွေ
တသည်းသည်းငိုလေတဲ့အခါ ...
မစိုပြေလေသော ဟောဒီ့ ဒီဇင်ဘာမှာ
ငါသိပ်သတိရတာလဲ
မင်းတစ်ယောက်ထဲကိုပါ “.... ရယ်...။

တစ်ကြိမ်တစ်ခါမှ မပြောဖြစ်ခဲ့လေသော
ငါ့ရင်ထဲက စကားတစ်ခွန်းလဲ ထာဝစဉ်ဆွံ့အ
ချစ်ခွင့်မရတဲ့ ဒီဇင်ဘာမှာ...
လွမ်းဆွတ်သမျှ နာကျင်...
ချယ်ရီမြို့လေးနဲ့ နှင်းငွေ့တွေကြားမှာ
အရိပ်ပါးပါးလေး အရာထင်ရုံနဲ့
နာနာကျင်ကျင် လွမ်းနေဦးမယ်ဆိုတာ...
ဒီဇင်ဘာအသိဆုံးပါ “ ... ရယ်...။


နှင်းဟေမာ
(6 December 2009 1:38 pm)
ရောင်စဉ်ငြိမ်း
လှလွန်းတဲ့ပြည်မြန်မာရဲ့ တောင်ဘက်ပိုင်းဆီကတနင်္သာရီ
ကျနော့်မွေးဌာနီ မွေးသာမွေး အနေမကြာခဲ့ပါဘူး
ဒီမိုအရေးအတွက် ဖယ်ခွာပေးခဲ့ရတယ်...
အာဏာရူး လူတစ်စုရယ်ကြောင့်
အဖေနဲ့ကွဲ အမေနဲ့ခွဲ အဖိုးနဲ့ကွဲ အဖွားနဲ့ခွာ
ဆွေမျိုးတွေ တလှေကြီးနဲ့ မြန်ပြည်အနှံ့နေခဲ့ရ
အဖေကပြောတယ် ငါလဲသူပုန်၊ မင့်အဖိုးလည်းသူပုန်
ဖခင်ရဲ့သြ၀ါဒရယ်ကြောင့်
လှမ်းခဲ့တယ် တော်လှန်နယ်မြေကို
လွမ်းလှတယ် တစ်နေ့မှမမေ့ပါဘူး
မင်းရဲ့လှိုင်းတံပိုးသံတွေ
နားထောင်ချင်သေးလို့
ဒီမိုပန်းတွေဝေတော့မှ
ပြန်ခဲ့မယ်တနင်္သာရီရယ်...။ ။
ဇေယျာထွန်း(ထားဝယ်)။