ရောင်စဉ်ငြိမ်း
လှလွန်းတဲ့ပြည်မြန်မာရဲ့ တောင်ဘက်ပိုင်းဆီကတနင်္သာရီ
ကျနော့်မွေးဌာနီ မွေးသာမွေး အနေမကြာခဲ့ပါဘူး
ဒီမိုအရေးအတွက် ဖယ်ခွာပေးခဲ့ရတယ်...
အာဏာရူး လူတစ်စုရယ်ကြောင့်
အဖေနဲ့ကွဲ အမေနဲ့ခွဲ အဖိုးနဲ့ကွဲ အဖွားနဲ့ခွာ
ဆွေမျိုးတွေ တလှေကြီးနဲ့ မြန်ပြည်အနှံ့နေခဲ့ရ
အဖေကပြောတယ် ငါလဲသူပုန်၊ မင့်အဖိုးလည်းသူပုန်
ဖခင်ရဲ့သြ၀ါဒရယ်ကြောင့်
လှမ်းခဲ့တယ် တော်လှန်နယ်မြေကို
လွမ်းလှတယ် တစ်နေ့မှမမေ့ပါဘူး
မင်းရဲ့လှိုင်းတံပိုးသံတွေ
နားထောင်ချင်သေးလို့
ဒီမိုပန်းတွေဝေတော့မှ
ပြန်ခဲ့မယ်တနင်္သာရီရယ်...။ ။
ဇေယျာထွန်း(ထားဝယ်)။
Labels: edit post
0 Responses

Post a Comment