ရောင်စဉ်ငြိမ်း
စွဲလမ်းအောင် နှိပ်စက်
အိပ်ရေးပျက်အောင်
အိမ်မက်တွေထဲ
အမြဲမလာပါနဲ့တော့
ချစ်သူရယ်.............

စားစားသွားသွား
မနားရအောင်
နှလုံးသားရင်ထဲ
အမြဲရှိမနေပါနဲ့တော့
ချစ်သူရယ်...........

ဘာကြောင့်များ
ရင်ထဲစွဲနစ်
သူ့ကို
သိပ်ချစ်နေတာလဲ
စိတ်ညစ်စွာဆွေး
တွေးလို့လည်း မရဘူးကွာ။

ဘာပဲဖြစ်ဖြစ်
မေ့ပစ်တော့မယ်
စိတ်ဝယ်ခံစား
ဝေဒနာများ ပြုန်းအောင်
နောက်ဆုံးတစ်ခု
ခွင့်ပြုပါလေ
မေ့ပါရစေ
ချစ်သူရေ...........

# Posted by မ on ဒီဖင်ဘာ 12, 2009 at 5:30am
0 Responses

Post a Comment