undefined
undefined
ရောင်စဉ်ငြိမ်း
သတိရခြင်းဆိုတဲ့ စကားလုံးတွေကို
နှုတ်ဆိတ်ဖို့ ကြိုးစားမိရင်း
တိတ်တဆိတ် တမ်းတခြင်းတွေနဲ့
မသိစိတ်တွေကို နှိုးဆွ ...
နိုးထခဲ့ရတဲ့ ငါ့မနက်ခင်းတွေအောက်မှာ
ဒီဇင်ဘာ မိုးစက်တွေနဲ့အတူ
လွမ်းခဲ့မိသူတစ်ယောက်ဆီ ရည်ရွယ်မှန်းဆ
တောင်ပေါ်ဒေသတစ်ခုမှာ
နှင်းတွေတဖွဲဖွဲ ကျနေခဲ့သလို
ငါ့အလွမ်းတွေလဲ ....
တသည်းသည်းငိုနေခဲ့ပါတယ် “... ရယ်...။

ဒီဇင်ဘာရောက်တိုင်း
ငါပိုင်ဆိုင်နေကျ မွေးနေ့ဆုတောင်းတစ်ကဒ်နဲ့
ငါသိပ်ချစ်တဲ့ နှင်းစက်လေးတွေ အားလုံး
အတိတ်ရာဇ၀င်မှာ..ကျန်ရစ်ခဲ့သလို...
ငါ့မျက်ဝန်း နက်နက်တွေလဲ
ဒီဇင်ဘာ မိုးစက်တွေရဲ့အောက်မှာ .....
တလက်လက်စိုနေခဲ့ပါတယ် “... ရယ်...။

ဒီဇင်ဘာဆောင်းအရိပ်တွေလို
တို့နှစ်ယောက်ရဲ့ အတိတ်ရာဇ၀င်တွေ
ပြိုကျ ပျက်စီးခဲ့ပေမယ့်
သိပ်သည်းဆ ဖြူလွလွနှင်းတွေ
တသည်းသည်းငိုလေတဲ့အခါ ...
မစိုပြေလေသော ဟောဒီ့ ဒီဇင်ဘာမှာ
ငါသိပ်သတိရတာလဲ
မင်းတစ်ယောက်ထဲကိုပါ “.... ရယ်...။

တစ်ကြိမ်တစ်ခါမှ မပြောဖြစ်ခဲ့လေသော
ငါ့ရင်ထဲက စကားတစ်ခွန်းလဲ ထာဝစဉ်ဆွံ့အ
ချစ်ခွင့်မရတဲ့ ဒီဇင်ဘာမှာ...
လွမ်းဆွတ်သမျှ နာကျင်...
ချယ်ရီမြို့လေးနဲ့ နှင်းငွေ့တွေကြားမှာ
အရိပ်ပါးပါးလေး အရာထင်ရုံနဲ့
နာနာကျင်ကျင် လွမ်းနေဦးမယ်ဆိုတာ...
ဒီဇင်ဘာအသိဆုံးပါ “ ... ရယ်...။


နှင်းဟေမာ
(6 December 2009 1:38 pm)
0 Responses

Post a Comment