ရောင်စဉ်ငြိမ်း
(၁၂)နာရီ အတိမှာ ထွက်မယ့်
အချိန်ရထားကို စီးနင်းလို့
ငါခရီးတထောက် ထွက်ရပြန်ပြီပေါ့
လက်ပြလို့ မင်းနေရစ်ခဲ့တော့ ၂၀၀၉ ရေ....

ပေးဆပ်မှုသက်သက်နဲ့
မင်းရင်ခွင်မှာ (ငါ့ကို) ထွေးပွေ့ထားတာ
၁၂လ ရာသီသာ ကြာသွားတယ်
ငါ့ဖက်က (ကောင်းတဲ့) တုန့်ပြန်မှု မပေးခဲ့မိဘူး....

သူငယ်ချင်းကောင်းတွေ
မင်း ငါ့ဆီကို ခေါ်လာတယ်
အမှတ်တမဲ့နဲ့ တန်ဖိုးထားရမှန်း ငါမသိခဲ့ဘူး.....

အခွင့်ကောင်းတွေ
မင်း ငါ့ဆီကို သယ်လာတယ်
ခေါင်းငုံ ရှောင်လွှဲ ငါကျောခိုင်းလို့ နေခဲ့တယ်....

အချိန်ကို ငွေကြေးနဲ့
ရောနှော မွှေနောက်
ငါပျော်ပျော်ကြီး မျိုချခဲ့တယ်....

နောင်တ အလွမ်းတွေ တလှေကြီးနဲ့
ငါ ခရီးဆက်လို့ သွားရတော့မယ်....

မင်း .. နေရစ်ခဲ့တော့ ၂၀၀၉ ရယ်
နေ ရစ် ခဲ့ ပါ တော့ ....

ပြန်ဆုံဖို့ ဘယ်လိုမှ မဖြစ်နိုင်အောင်
ငါတို့ တတွေ ဝေးခဲ့ကြပြီလေ....

(ကဗျာမပီ စာမမှီပါ .. ရင်ထဲက ခံစားချက် သက်သက်မျှသာ .. နှစ်သစ်မှာ ငြိမ်းချမ်းကြပါစေ .. ကံကောင်းသော ၂၀၁၀ ကို ပိုင်ဆိုင်ကြပါစေ...)

အားလုံးကိုချစ်ခင်လေးစားလျှက်...
# Posted by မောင်ကျော်ဟိန်း on ဒီဖင်ဘာ 29, 2009 at 5:57pm
ရောင်စဉ်ငြိမ်း
လောဘကြီးလို့ မဟုတ်
လူသားရဲ့ လုံးလ
သေခါမှ လျှော့လိုတဲ့
ဦးမော့နေတဲ့ ဇွဲသတ္တိကြောင့်ပါ။

တကယ်မဖြစ်တော့လဲ
ရယ်ပစ်နိုင်ပါတယ်။

တကယ် မရတော့လဲ
တဲအိုပျက်မှာ နေရ နေရ။

စိတ်ဓာတ်မကျ အလံမလှဲစတမ်း
ရောင်ရဲ့ တင်းတိမ်
ဘ၀မှာ ခံတွင်း မြိန်တက်ပါတယ်။

လူသားတို့ ရွာကို
လက်ချည်းလာခဲ့တဲ့ ငါဟာ
ဘာကိုများ မက်မောလို့
လက်ပံတောကို တမ်းတနေရဦးမှာလဲ။

နေလဲပျော်ပျော် ၊ သေလဲပျော်ပျော်
ငါ့အဖော်တွေ တပုံကြီးပါကွယ် ။ ။

တင်မိုး
၃၀၊ဇန္တွဝါရီ၊၁၉၉၉
စနေနေ့ နံနက်ခင်း
ရောင်စဉ်ငြိမ်း
ဘ၀ကို သံပတ်ပေးနေတဲ့
အရေးတော်ပုံစိတ်နဲ့ ငါ။

ဘယ်နေရာမှာ ချောက်ကမ်းပါးဆိုလဲ
ကျောက်အားပိုစရာ ငါ့မှာမရှိ။

ဘယ်သောင်ကွေ့မှာ
မိကျောင်းတွေ တွေ့တယ်ဆိုလဲ
မမေ့မလျော့ အပ္ပမာဒစိတ်နဲ့
ရိပ်ခနဲဆို သတိမောင်းတင်ပြီး
အောင်မြင်အောင် ရင်ဆိုင်မယ်။

အစာတဖတ်ရှာ ရန်သူတဖက်ကြည့်တဲ့
ကျီးကန်းရဲ့ သတိမျိုးနဲ့
မုဆိုးရဲ့ လေးအ၀င့်ကိုလဲ
နားစွင့်လို့ နေဦးမယ် ။

တင်မိုး
၃၀၊ဇန၀ါရီ၊၁၉၉၉
စနေနေ့ နံနက်ခင်း